Events

“37th International Food & Hospitality Fair (AAHAR)” ပြပွဲ ကျင်းပမည်

Updated At: 2023-03-13 09:51:15

အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ “37th International Food & Hospitality Fair (AAHAR)” ကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်းသိရှိရပါသည်။ အဆိုပါ နိုင်ငံတကာအစားအသောက်နှင့် ဧည့်ခံကြိုဆိုရေး/ ဧည့်ဝတ်ပြုရေး ပြပွဲသည် အာရှတိုက်၏ အစားအသောက်နှင့် ဧည့်ခံကြိုဆိုရေး/ ဧည့်ဝတ်ပြုရေး ပြပွဲများထဲမှ အထင်ရှားဆုံးသော ပြပွဲကြီးတစ်ခုဖြစ်ပါသည်။ ပြပွဲအနေဖြင့် မကြာသေးမီနှစ်များအတွင်း အရှိန် အဟုန်ကြီးမားလာပြီး ယခုအခါ နိုင်ငံတကာလှည့်လည်ရောင်းချသူများနှင့် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များစုဝေးရာ လူသိများသော နေရာတစ်ခုဖြစ်လာကြောင်း၊ AIFPA မှပြပွဲ ကာလအတွင်း ၁၅-၃-၂၀၂၃ ရက်နေ့တွင် “Millets: The Global Super Food” နှီးနှောဖလှယ်ပွဲကို လည်း ကျင်းပမည်ဖြစ်ရာ အိန္ဒိယကုမ္ပဏီများနှင့် စီးပွားရေးချိတ်ဆက်မှုများ ပြုလုပ်ရန် စိတ်ဝင်စား သူများကို ဖိတ်ကြားလိုကြောင်း၊ Exhibition Verticals များစွာ Food Products & Beverages, F&B Equipment, Hospitality & Décor Solution and Aliied Sectors ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်စည်ပြပွဲကာလအတွင်းကျင်းပမည့် နှီးနှောဖလှယ်ပွဲတက်ရောက်ရန် အိန္ဒိယနိုင်ငံမှ စရိတ်ကျခံပေးမည်ဖြစ်ပါသည်။ နိုင်ငံတကာအစားအသောက်နှင့် ဧည့်ခံကြိုဆိုရေး/ ဧည့်ဝတ်ပြုရေးပြပွဲတွင် ဆိုင်ခန်းများပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Deputy Manager (Events) Mr. Rameshwar Maurya ၊ Tel: 011-41550860, Mobile: + 91-8744088116 နှင့် Email: [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

( Wah Wah Htun - TD )